သတင်းများ

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ စတင်ဖြေဆို
Mar 29,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲအား ယမန်နေ့ နေ့လယ် ၁၂ နာရီတွင် ကျိုက်ထိုမြို့နယ်သာသနာ့ဗိမာန်၌ စတင်ဖြေဆိုခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်း/အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်
Mar 29,2024
ကရင်ပြည်နယ်၊  ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄  ပညာသင်နှစ်  မြို့နယ်အဆင့်  အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများအား ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ ကိုရီးယားဘာသာစကား(4 Skill)သင်တန်းကို (အခမဲ့)ဖွင့်လှစ်ပေးသွားမည်
Mar 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကိုရီးယားဘာသာစကား(4 Skill)သင်တန်းကို Tr.Hsu  B.A (Korean Topik-6)မှ ဧပြီလ(၇)ရက်နေ့မှ မေလ(၅)ရက်နေ့အထိ အပတ်စဥ်စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် (အခမဲ့)ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးပွဲနှင့် ပြပွဲအခမ်းအနားတက်ရောက်
Mar 29,2024
(၇၉)နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးပွဲနှင့် ပြပွဲအခမ်းအနားကို မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး သင်တန်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြ သည်။
ကန်ကြီး‌ထောင့်မြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Mar 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်က ကန်ကြီးထောင့်မြို့၊ ညောင်ပင်သာ ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာနှင့် သရက်တောကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငပုတောမြို့၌ ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများအား မွေးမြူရေးအလေ့အကျင့်ကောင်းများရရှိစေရေး၊ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ရည်ရွယ်၍အသိပညာပေး ဟောပြောပွဲများကို စဥ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ နဝရတ်ခန်းမ၌ ခွေးရူးရောဂါ ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာ‌ရေးမှူးနှင့် အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံးရေးသားနည်းသင်တန်း (အခမဲ့) ဆင်းပွဲကျင်းပ
Mar 29,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ခရိုင်ပြည်သူ့စာကြည့် တိုက်၌ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်၍ (အခမဲ့) စာစီစာကုံးရေးသားနည်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့၌ နွေရာသီ အခြေခံအင်္ဂလိပ်စာ Grammar သင်တန်း အခမဲ့ဖွင့်လှစ်
Mar 29,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို၌ နွေ​ရာသီကျောင်းပိတ်ရက် ကျောင်းသားကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာဘာသာ ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ နွေရာသီအခြေခံအင်္ဂလိပ်စာ Grammar သင်တန်းကို မတ် ၂၈ ရက်နံနက် ၉ နာရီခွဲက ကျင်းပသည်။