သတင်းများ

ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိ
Mar 28,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ချောင်းရေနှင့် မြေအောက်ရေတင်ပြီး တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် အစဉ်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက (၃)ရပ်ကွက်၊ ၅ ဖြတ်လမ်းရှိ စန္ဒာမုနိမြတ်စွာဘုရားကြီး၌ ကျင်းပပြုလုပ်ခဲ့ သည်။
ကလေးဝမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲပြုလုပ်
Mar 28,2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာ၊ အင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်
Mar 28,2024
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ဇီးပင်အုပ်စု၊ တော်ပြန်ကျေးရွာရှိ ပညာဇောတိမင်္ဂလာကျောင်းတိုက်၏ ဦးစီးပဓါန နာယကဆရာတော်ဘဒ္ဒန္တကောသလ္လထံ ဩဝါဒခံယူ၍ စတုတ္တအကြိမ်မြောက် သာသနာ့ပျိုးခင်း နွေရာသီအခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာ၊ အင်္ဂလိပ်စာအတတ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပညာဇောတိမင်္ဂလာကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
လူထုအခြေပြုဗဟိုဌာန၊ Community Centre (Lashio) တွင် သတင်းရေးသားနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်း ဖွင့်လှစ်
Mar 28,2024
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဦးစီးဌာနလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရာထမ်း၊ အမှုထမ်းများ၏ တစ်ဦးချင်း အရည်အသွေး တိုးတက်မြင့်မားလာစေရေး၊ ရုံးလုပ်ငန်းကျွမ်းကျင်မှုရှိစေရေး၊ သတင်းပြန်ကြားရေးလုပ်ငန်းများ၊ ပြည်သူ့ဆက်ဆံရေးအသိပညာပေးလုပ်ငန်းများ၊ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး၊ မိမိတို့ဒေသအတွင်း နေ့စဉ်ဖြစ်ပေါ်နေသော ထူးခြားဖြစ်စဉ်သတင်းများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့်သတင်းများ ရေးသားဖော်ပြရာတွင် အဆင်ပြေချောမွေ့စွာ ဖော်ပြနိုင်ရေး၊ သတင်းမီဒီယာကျင့်ဝတ်များအား သိရှိနားလည်နိုင်ရေးတို့အတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က  သတင်းရေးသားနည်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲကို လူထုအခြေပြုဗဟိုဌာန (လားရှိုး)ရှိ သင်တန်းခန်းမတွင် ကျင်းပသည်။
ဟင်္သာတမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရစမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသော စာအောင်အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်း
Mar 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မတ် ၂၇ ရက်နေ့ ညနေ ၄ နာရီ အချိန်က ဥယျာဥ်​​တောင်ရပ် ရွှေကျောင်းပရိယတ္တိစာသင်တိုက်ရှိ ပိဋကာဝါသ ရွှေဗိမာန်တော်ကြီး တွင် ၂၀၂၃ ခုနှစ် အစိုးရစမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသော စာအောင်အရှင်သူမြတ်များအား စာအောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်းနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျေးလက်ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်
Mar 28,2024
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျေးလက်ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် မလေးရှားဝိုင်ကျေးရွာအုပ်စု မေတ္တာအေးကျေးရွာတွင် ကျင်းပသည်။
သရက်မြို့၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်
Mar 28,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင် ကျန်းမာရေးဦးစီးဌာန ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။