သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဓာတ်ပုံ/ဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်း အခြေခံသင်တန်းဆင်းပွဲနှင့် ၂၀၂၄ ခုနှစ်၊ အထက်တန်းအဆင့် ဘာသာ ရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဆင်းပွဲများသို့ တက်ရောက်ချီးမြှင့်
Mar 27,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် မတ် ၁၈ ရက်နေ့က (၇)ကြာဖွင့်လှစ်ခဲ့သည့် စတင်ဖွင့်လှစ်ခဲ့သည် ဓာတ်ပုံ/ဗီဒီယိုအခြေခံရိုက်ကူးတည်းဖြတ်ခြင်း သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ် သည်။
ပန်းတနော်မြို့၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့မစျေးနှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မအူပင်မြို့နယ်၊ ရွှေတောင်မှော်ကျေးရွာအုပ်စု၊ အင်းမ-ကွပ်သစ်ကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေတောင်မှော် ကျေးရွာအုပ်စု၊ အင်းမကွက်သစ်ကျေးရွာတွင် (၇၉)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် အင်းမ-ကွပ်သစ်ကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် ပုဗ္ဗသီရိမြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ဆေးစစ်ရမည့်ပုဂ္ဂိုလ်များအား တွေ့ဆုံရှင်းလင်း
Mar 27,2024
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့စစ်မှုထမ်း မှတ်ပုံတင်ရုံးတွင် ခရိုင်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် ပုဗ္ဗသီရိမြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းရန် ဆေးစစ်ရမည့်ပုဂ္ဂိုလ်များအား ဆင့်ခေါ်၍ ယနေ့မွန်လွဲပိုင်းက တွေ့ဆုံ ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ (၇၉)နှစ်မြောက်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒရယ်ကူး ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ ဖွင့်လှစ် 
Mar 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျီးပင် ကျေးရွာအုပ်စု၊ ဒရယ်ကူးကျေးရွာတွင် မတ်လ ၂၅ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲအချိန်က (၇၉)နှစ်မြောက်တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒရယ်ကူး ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့သည်။
ကျုံပျော်မြို့နယ် Community Centre တွင် နွေရာသီ အေရိုးဗစ် အားကစားသင်တန်း ဖွင့်လှစ်
Mar 27,2024
နွေရာသီ အားလပ်ရက်တွင် ကလေးများ အပန်းပြေစေရန်နှင့် ကာယကြံ့ခိုင်မှုရှိစေရန်နှင့် မျိုးဆက်သစ်အားကစား သမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်းကာ မြို့နယ်ရုံး Community Centre တွင် နွေရာသီအေရိုးဗစ် အားကစားသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
မြဝတီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်း/အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်းဖွင့်လှစ်
Mar 27,2024
ကရင်ပြည်နယ်၊ မြဝတီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၅ ရက်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပခဲ့သည်။
ငပုတောမြို့၌ အခြေခံပညာ အလယ်တန်းနှင့်မူလတန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲပြုလုပ်
Mar 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ မူလတန်း၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ပြဋ္ဌာန်းထားသော သင်ရိုးနှင့်အညီ သင်ရိုးသစ်ဘာသာရပ်များကို စနစ်တကျ သင်ကြားပြသနိုင်ရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းနှင့် မူလတန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်( ၉ )နာရီတွင်ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။