ဝါးခယ်မမြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဝါးခယ်မ ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်မှ မြို့နယ်အတွင်း သင်္ကြန်ကာလအတွင် အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်း တရားတော်များ ရွတ်ဖတ်ပူဇော်နိုင်ရေးကိစ္စရပ်များ၊ မြို့နယ်အတွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ကိစ္စရပ်များအား အသိပေးရှင်းလင်း ပြောကြားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းလုပ်ငန်းတာဝန်များကို ဌာနများအလိုက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)