သတင်းများ

စဉ့်ကူးမြို့၌ ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ
Apr 13,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ပိုင်ကျုံမြို့ရှိ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ်များ ထောက်ပံ့ပေး
Apr 13,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ကျေးရွာများသို့ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ဆန်အိတ်များကို ဧပြီလ ၁၁ ရက်နေ့က  ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၄) ဆင်းပွဲ ကျင်းပ
Apr 13,2024
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ကျောင်းသားကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ကွန်ပျူတာအခြေခံပညာရပ်များကို ကျွမ်းကျင်တက်မြောက်စေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပ
Apr 13,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲကို ဧပြီလ ၁၁ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဗလငါးတန်နှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖွင့်လှစ်ခဲ့သည် အခြေခံအင်္ဂလိပ်စာ(အခမဲ့)သင်တန်းဆင်းပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြသပွဲ ကျင်းပ
Apr 13,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချပြီး ဗလငါးတန်နှင့်ဖွံ့ဖြိုးတိုးရေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့သည့် အခြေခံအင်္ဂလိပ်စာ(အခမဲ့)သင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲက သင်တန်းဆင်းပွဲနှင့် စာအုပ်စာစောင်၊ အသိပညာပေးနံရံကပ်စာစောင်ပြသပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 13,2024
စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီသည် တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်လုပ်ငန်းများကို လိုင်စင်ထုတ်ပေးရေး ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ၏ အရည်အသွေး ထိန်းသိမ်းမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်စေရန် လမ်းညွှန်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအနေဖြင့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုဖြစ်စေရန်၊ ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် လက်တွဲဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်ရန်နှင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေပါ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာကျင့်သုံးစေရန် ရည်ရွယ်၍ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မုံရွာမြို့၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပရာ တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီးကြီးကြပ်ရေးကော်မတီဝင် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကဆေးရုံ/ ဆေးခန်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
မုံရွာမြို့၌ နွေရာသီ အခြေခံပန်းချီ၊ ကွန်ပျူတာပန်းချီ၊ အင်္ဂလိပ်စာ (Grammar)နှင့် အခြေခံကွန်ပျူတာသင်တန်းများဆင်းပွဲအခမ်းအနား ကျင်းပ
Apr 13,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံပန်းချီသင်တန်း၊ ကွန်ပျူတာပန်းချီသင်တန်း၊ အင်္ဂလိပ်စာ (Grammar)သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းများဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုံရွာခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နည်းပြဆရာ၊ ဆရာမများ၊ မိဘများနှင့် သင်တန်းတက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဒိုက်ဦးမြို့နယ် ကန်ဦးပညာရေး ဖောင်ဒေးရှင်းမှ သန့်ရှင်း၍ စိမ်းလန်းသောကျောင်းဆု (CLEAN & GREEN SCHOOL AWARD) ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Apr 12,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ကန်ဦးပညာရေးဖောင်ဒေးရှင်းမှ ဂုဏ်ပြုချီးမြှင့်သော ၂ဝ၂၃ -၂ဝ၂၄ ပညာသင်နှစ်သန့်ရှင်း၍စိမ်းလန်းသောကျောင်းဆု(CLEAN & GREEN SCHOOL AWARD) ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီ ၁၂ ရက်နေ့နံနက် ၉ နာရီအချိန်က ကန်ဦးပညာရေးဖောင်ဒေးရှင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။