လက်ပံတန်းမြို့နယ်တွင် တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

လက်ပံတန်း ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၁ ရက်နေ့မှစ၍ လက်ပံတန်းမြို့နယ်အတွင်း မီးလောင်မှုများ လျော့နည်းစေရန်အတွက် မီးသတိမူရေးလှည့်လည်ဆော်သြခြင်း၊ စျေးအတွင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလင်းကျော်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ရေကန်၊ မီးသတ်ရေစုပ်စက်၊ လျှပ်စစ်မီးသုံးစွဲမှု အခြေအနေနှင့် မီးသုံးစွဲမှုအခြေအနေများအား စနစ်တကျသုံးစွဲရေးတို့ကို စစ်ဆေးခဲ့ရာ အမှုဆောင်အရာရှိ ဦးဝင်းစန်းနှင့် ဈေးတာဝန်ခံများက ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံပြသခဲ့သည်။ ထို့နောက် ရပ်ကွက်/ကျေးရွာများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ရာတွင်  ပြည်သူများအား မီးဘေးလုံခြုံမှုရှိစေရေးအတွက် ထင်းမီးများ စနစ်တကျထားရှိ‌ရေး၊ လုပ်ငန်းခွင်သို့ မသွားရောက်မီနှင့် နေအိမ်တွင် လူစောင့်မရှိပါက မီးဖိုမီးများအား‌ငြှိမ်းသတ်ကြရန်၊ အသက်ကြီး အဖိုးအဖွားများ၊ က‌လေးငယ်များနှင့် စိတ်မနှံ့သူများအား မီးကိုင်တွယ်မှုမရှိစေရေး အထူးဂရုပြုကြရန်နှင့် နေအိမ်တွင် မတော်တဆမီးလန့်မှု၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊‌ ရပ်ကွက်/ကျေးရွာရှိ ဈေးဆိုင်ခန်းများအတွင်း မီးဘေးလုံခြုံမှုရှိစေရေး မီးသတ်‌ဆေးဘူးများ ထားရှိ‌ဆောင်ရွက်ကြရန်နှင့် မီးသတ်ဆေးဘူးများ စနစ်တကျ အသုံးပြုပုံတို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)