သတင်းများ

လွိုင်ကော်မြို့၌ ပြည်သူစစ်(ဌာနေ)အခြေခံစစ်ပညာသင်တန်းအမှတ်စဉ်(၂/၂၀၂၄)(ပစ်ခတ်စဉ်ပါ) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
Apr 12,2024
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ပြည်သူ့စစ်(ဌာနေ) အခြေခံစစ်ပညာသင်တန်း (၂/၂၀၂၄)(ပစ်ခတ်စဉ်ပါ) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Apr 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်မည့် ရခိုင်မုန့်တီပြုလုပ်နည်းသင်တန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်လွဲပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့၌ ၂ဝ၂၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်နေရာများ ဆောက်လုပ်ပြင်ဆင်မှု ၉ဝ ရာခိုင်နှုန်းပြီးစီး
Apr 12,2024
မိတ္ထီလာမြို့၌ ၂ဝ၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကိုဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်၊ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်နေရာများကိုနန်းတော်ကုန်းရပ်ကွက် မိတ္ထီလာကန်ပတ်လမ်းအနီးတွင် ဆောက်လုပ်ပြင်ဆင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ၉ဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဇလွန်မြို့နယ်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဗိဿနိုးရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင် ရှင်အပါး (၅၀၀၀) ရှင်ပြုအလှူမင်္ဂလာပွဲ အောင်မြင်စွာပြီးမြောက်၍ မဏ္ဍပ်များ စတင်ဖျက်သိမ်းနေခြင်းအား ဌာနဆိုင်ရာ ဝန်ထမ်းများမှ စု​ပေါင်းလုပ်အားပေး
Apr 12,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူမင်္ဂလာပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ယနေ့နံနက်(၇)နာရီက စတင်၍ ဗဟိုမဏ္ဍိပ်ကြီးနှင့် မဏ္ဍပ်ငယ် စုစုပေါင်း (၁၄)လုံးအား ပြန်လည်ဖျက်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
ကြံခင်းမြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ
Apr 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ အခမဲ့လှူဒါန်း
Apr 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မီးသတ်စခန်းမှ သစ်ဆိမ့်ကုန်း အုပ်စု၊ ချောင်းဝကျေးရွာနေ ပြည်သူများသောက်သုံးရေရရှိရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ်ပိုင်းက ရေပေးဝေပေးခဲ့ကြသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး အခြေခံစာကြည်တိုက်ပညာသင်တန်း ဖွင့်လှစ်
Apr 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ နံနက်(၁၀)နာရီခွဲက အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။