ဇေယျာသီရိမြို့နယ် စည်ပင်သာယာကျေးလက်ကျန်းမာရေးဌာန၌ မတ်လအတွင်း ပြည်သူ ၁၀၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့

ဇေယျာသီရိ ဧပြီ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ စည်ပင်သာယာ ကျေးလက်ကျန်းမာရေးဌာနတွင် မတ်လအတွင်း စုစုပေါင်း ပြည်သူ ၁၀၈ ဦးအား ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

“ကျွန်တော်တို့ဆီမှာ ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံ၊ ရေဆင်းတိုက်နယ်ဆေးရုံ၊ ပေါင်းလောင်းတိုက်နယ် ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၂ ခုနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၅ ခု ဖွဲ့စည်းထားရှိပြီး ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါတယ်၊ မတ်လအတွင်းမှာ ကျည်တောင်ကျေးရွာအုပ်စု၊ စည်ပင်သာယာကျေးလက်ကျန်းမာရေးဌာနမှ စုစုပေါင်းပြည်သူ၁၀၈ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ပါတယ်၊ အဓိကအားဖြင့် ကျေးလက်ကျန်းမာရေးဌာနဖြစ်တဲ့အတွက် သွေးတိုး၂၈ ဦး၊ ဆီးချို၄၂ ဦးနဲ့ မွေးလူနာနှင့် အထွေထွေရောဂါ ၃၈ ဦး စုစုပေါင်း ၁၀၈ ဦး မတ်လအတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ပါတယ်” ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာဝေယံအောင်၏ ပြောပြချက်အရသိရသည်။

ထွန်းလင်း(ဇေယျာမြေ)