သတင်းများ

သီပေါ-နမ္မတူ ကားလမ်းပေါ်၌ သစ်ကိုင်းကျိုးကျ၍ လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေး အချိန်မီ သွားရောက်ရှင်းလင်း
May 03,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မေလ ၂ ရက်နေ့ ညနေ ၄ နာရီခန့် က မိုးများ သည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်သဖြင့် သီပေါမြို့ ဇာတ်စုရပ်ကွက် သီပေါ-နမ္မတူ ကားလမ်းပေါ်သို့ သစ်ပင်ကြီးလှဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်နေသောကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ညနေ ၆ နာရီ အချိန်ခန့်က သွားရောက် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
May 03,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် ယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့နံနက် ၈ နာရီက စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ရဟန်းသံဃာများ၊ ကျောင်းသား ကျောင်းသူများ၊ ယာယီနေရပ်စွန့်ခွာသူများအတွက် ဆန်၊ ဆီ၊ ဟင်းချက်စရာများ လှူဒါန်း
May 03,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ရဟန်းသံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသားများ၊ ယာယီနေရပ်စွန့်ခွာသူများ အသုံးပြုနိုင်ရန် ဆွမ်းဆန်၊ ဆီ၊ ဟင်းချက်စရာများကို စဥ်ဆက်မပြတ် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့၌  အပူဒဏ်သက်သာစေရန် မိုးခေါ်လွန်ဆွဲပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
May 03,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ အပူဒဏ်သက်သာစေရန် ရည်ရွယ်ချက်ဖြင့်   ရွှေမန်းကျောင်းဆရာတော် ဘဒ္ဒန္တသဇ္ဇန၏ ဦးဆောင်မှုဖြင့် မိုးခေါ်လွန်ဆွဲပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က အရှေ့ပြင်ဈေးရပ်ကွက် မိတ္ထီလာမြောက်ကန်အနီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
“မူဆယ်မြို့ပေါ်အတွင်း လုယက်မှု၊ ပြန်ပေးဆွဲမှု၊ ဓားပြမှု၊ ခိုးမှုများနှင့်ပတ်သက်၍ ဖော်ထုတ်ဆောင်ရွက်နိုင်မှုအပေါ် ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်”
May 03,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ပေါ်အတွင်း လုယက်မှု၊ ပြန်ပေးဆွဲမှု၊ ဓားပြမှု၊ ခိုးမှုများနှင့်ပတ်သက်၍ ဖော်ထုတ်ဆောင်ရွက်နိုင်သည့်အပေါ် ဂုဏ်ပြုပွဲအခမ်းအနားကို မုန်းဝန်ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။
ခိုလမ်မြို့၊ သစ်တောဦးစီးဌာနမှ ခိုလမ်ဘိနယ်ရှိ သစ်တောပျိုးဥယျာဉ်တွင် မိုးရာသီလူထုဖြန့်ဝေပေးရန် ပျိုးပင်ပေါင်း (၂၅၀၀၀) ပျိုးထောင်ထားရှိ
May 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ သစ်တောဦးစီးဌာနမှ ခိုလမ်နယ်ရှိ သစ်တောပျိုးဥယျာဉ်တွင် မိုးရာသီလူထုဖြန့်ဝေပေးရန် ပျိုးပင်ပေါင်း (၂၅၀၀၀) ပျိုးထောင်ထားရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် အ‌ကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ
May 03,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမ အစည်းအဝေးခန်း၌ ကျင်းပသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံဖြူဇရပ်မြို့နယ်အတွင်း သောက်သုံးရေများ သွားရောက်လှူဒါန်း
May 02,2024
၂၀၂၄ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့်နေရာများသို့ ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။