မြစ်ကြီးနား ဧပြီ ၁၂
မဟာသင်္ကြန် နှစ်သစ်ကူးကာလအတွင်း ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲက မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဝန်ထမ်း များအား မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလအတွင်း စိတ်အေးသက်သာစွာနေထိုင်နိုင်ရေး၊ ကုသိုလ် ကောင်းမှုများပြုနိုင်ရေးအတွက် ယခုလို မိမိတတ်နိုင်သည့်ဘက်မှ စားသောက်ကုန်များကို ထောက်ပံ့ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးနှင့် ဇနီးတို့က ဝန်ကြီးဌာန အောက်ရှိ ပြည်နယ်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုူဦးစီးဌာနနှင့် ပြည်နယ်တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၂၁) ဦးတို့အား စုစုပေါင်း တန်ဖိုးငွေကျပ် (၁၅)သိန်း တန်ဖိုးရှိ အာလူး၊ ကြက်သွန်နီစသည့် အခြေခံစာသောက်ကုန်ပစ္စည်းများ နှင့် အဝတ်အထည်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရန်နိုင်လွင်က ထောက်ပံ့ပေးအပ်မှုအတွက် ကျေးဇူးတင်စကားပြန်လည်ပြော ကြားပြီး ဝန်ထမ်းများက အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကာ ရုံးအတွင်း လုပ်ငန်းဆောင် ရွက်မှုနေမှု အခြေအနေများနှင့် ခင်းကျင်းပြထားသည့် တိုင်းရင်းသားရိုးရာအသုံးအဆောင်ပစ္စည်းများ အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုံခြုံရေးအခြေအနေ ဂရုစိုက်နေထိုင်ကြရေးနှင့် ပြုပြင်ဆောင်ရွက်ရန် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)