တွံတေးမြို့နယ်၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးစံပြကွက် ရိတ်သိမ်းရာ စပါးအစို (၁၂၇.၃၃)တင်း ထွက်ရှိ

တွံတေး ဧပြီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၅၀)၊ ဦးပိုင်အမှတ်(၉/၃)ရှိ တောင်သူဦးမင်းဟန်၏ လယ်မြေ(၄.၉၁)ဧက၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးစံပြကွက်တွင် ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီမိနစ် ၃၀ အချိန်က အဆိုပါ ဦးမင်းဟန်၏ လယ်မြေ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့၀င်များ၊ မြို့နယ်စိုက်/ကြပ်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး စံပြကွက်ရိတ်သိမ်းနေမှု အခြေအနေများအား ကြည့်ရှု၍  စံပြကွက်များမှ ရိတ်သိမ်းရရှိလာသည့် စပါးအထွက်နှုန်းများအား တက်ရောက်လာသော တောင်သူများနှင့်အတူ ချိန်တွယ်ဆောင်ရွက်ခဲ့ရာ တစ်ဧကစပါးအစိုအထွက်နှုန်း (၁၂၇.၃၃)တင်း၊ စပါးအခြောက် (၁၁၅.၃၃) တင်း ထွက်ရှိခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် တောင်သူများနှင့် တွေ့ဆုံရာတွင် တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးထင်ကျော်က အမှာစကားပြောကြားရာတွင် နွေစပါးစိုက်ပျိုးရာတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအပေါ် ရှင်းလင်းဆွေးနွေးပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဦးမှ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းလှိုင်က တောင်သူဦးမင်းဟန်၏ လယ်မြေတွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးသော ဧည့်မထ (အထွတ်ကောင်း)တွင် စပါးတင်းထွတ်ရှိမှုအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရေတွင်းကုန်းကျေးရွာမှ တောင်သူ ဦးမင်းမောင်မောင်က တွံတေးခရိုင်အတွင်းရှိ မြို့နယ်များ၌ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်းအား ရိတ်သိမ်းထွတ်ရှိမှုများအား ကိုယ်တိုင်လေ့လာသိရှိမှုအားလည်းကောင်း၊ တောင်သူဦးမင်းဟန်မှ မိမိတိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်း၏ အားသာချက်များ၊ ကုန်ကျမှုစရိတ်နည်းပြီးအထွက်များမှုအား တက်ရောက်လာသော တောင်သူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

တွံတေးသား