ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပ

ကွမ်းခြံကုန်း ဧပြီ ၁၂

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းခြံကုန်းမြို့နယ် ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များ၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယခုလိုသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်းနှင့် သင်တန်းပြီးမြောက်သော်လည်း အင်္ဂလိပ်စာသင်ခန်းစာများအား စဥ်ဆက်မပြတ် လေ့လာကြရန်လိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခြေခံအင်္ဂလိပ်စာ အခြေခံသင်တန်းအား ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရသည်။

ဆွေနွယ်(ပြန်/ဆက်)