သတင်းများ

တွံတေးမြို့တွင် အကျဥ်းသား ၃၂ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ
Apr 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၁၃၈၆ ခုနှစ် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် မြန်မာနိုင်ငံအတွင်းရှိ အကျဥ်းထောင်/အချုပ်ထောင်/အကျဥ်းစခန်းအသီးသီးတွင် အကျဥ်းကျခံနေသူများထဲက အကျဥ်းသား/အကျဥ်းသူ (၃၃၀၃)ဦးအား ရာဇဝတ်ကျင့်ထုံး ၄၀၁ ပုဒ်မခွဲ ၁ အရ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ရာ တွံတေးမြို့နယ်အတွင်းရှိ အကျဥ်းဦးစီးဌာန (၂)ခုမှ အကျဥ်းသား( ၃၂)ဦးကို ယမန်နေ့နံနက် ၉ နာရီက လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။
ကော့မှူး၌ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲ ကျင်းပ
Apr 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် မြို့နယ်‌ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ဧပြီလ ၁၆ ရက်နေ့ ည ၇ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
သရက်အကျဉ်းထောင်မှ အကျဉ်းသား (၂၆)ဦး၊ အကျဥ်းသူ (၄)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ
Apr 18,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၃၀/၂၀၂၄ ဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ (၃၃၀၃)ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သဖြင့် သရက်အကျဉ်းထောင်မှ အကျဉ်းသား (၂၆)ဦး၊ အကျဉ်းသူ (၄)ဦး စုစုပေါင်း (၃၀)ဦး လွတ်ငြိမ်းခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကျင်းပ
Apr 18,2024
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ မြန်မာနှစ်ဆန်း (၂) ရက်နေ့ သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ
Apr 18,2024
မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ကျင်းပပြုလုပ်သော မြန်မာနှစ်ဆန်း (၂)ရက်နေ့ သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မုရောင်းကျေးရွာ မြဆည်းဆာဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံကြိမ်ရွှတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မြဆည်းဆာဆရာတော်ထံမှ တက်ရောက်လာသော ဘိုးဘွားများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
မုဒုံမြို့ ကန်ကြီးစေတီတော်မြတ်ကြီးတွင် ဆီမီး (၉၀၀၀) ပန်း (၉၀၀၀) ပူဇော်ပွဲကျင်းပ
Apr 18,2024
မွန်ပြည်နယ် မုဒုံမြို့ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် ၁၃၈၆ ခုနှစ် ယမန်နေ့က ဆီမီး (၉၀၀၀) ပန်း(၉၀၀၀) ပူဇော်ပွဲကို ကျင်းပသည်။
ပြည်သူ့ရင်ပြင်တွင် ၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင် ဆင်ယင်ကျင်းပ
Apr 18,2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် ၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်ကူးအထူးဓမ္မသဘင်ကို ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဖိတ်ကြားထားသူများ၊ ရဟန်းရှင်လူအများပြည်သူများက လာရောက်တရားနာယူခဲ့ကြသည်။
ရွှေတောင်မြို့နယ်တွင် ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ်(၅) လုံး ပြိုကျခဲ့ပြီး လူနေအိမ်(၂၇) လုံးအမိုးလန်ပျက်စီး
Apr 18,2024
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်း ယမန်နေ့ ညနေ ၆ နာရီ ၄၅ အချိန်ခန့် က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ပေါင်းချုပ်ကျေးရွာအုပ်စု၊ ကျီးသဲ ကျေးရွာအုပ်စု၊ ကျောက်မြင့်ကျေးရွာအုပ်စု၊ မန်ကျီးပေါက်ကုန်းကျေးရွာအုပ်စု၊ သရက်သုံးပင် ကျေးရွအုပ်စု၊ ကွင်းယားကြီးကျေးရွာအုပ်စုတို့တွင် လူနေအိမ်( ၅) လုံးပြိုကျခဲ့ပြီး လူနေအိမ်( ၂၇) လုံးအမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။