သတင်းများ

မိုးညှင်းဗဟိုအကျဉ်းထောင်၌ အကျဉ်းသား (၄)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ
Apr 18,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား (၄)ဦးအား ယမန်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်)နေ့ နံနက်(၁၁)နာရီခွဲက မိုးညှင်းဗဟိုအကျဉ်းထောင် အစည်းအဝေးခန်းမ၌ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့် တပင်တိုင်အကပြိုင်ပွဲဆုချီးမြှင့် ဘားအံမြို့ မဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်း
Apr 18,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ဘားအံမြို့ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ဧပြီလ ၁၆ ရက်နေ့ မဟာသင်္ကြန် အတက်နေ့ ညနေပိုင်းက ဘားအံမြို့၊ သီရိကွင်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၁၀)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု
Apr 18,2024
၁၃၈၆ခုနှစ်၊မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေကြသည့် အကျဉ်းသား/အကျဉ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ ယမန်နေ့နံနက် ၁၁ နာရီခွဲက ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသား/သူ (၁၀)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားများပြား
Apr 18,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဟောင်းကုန်လွန်၍ ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
ကျောက်ဖြူမြို့တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Apr 18,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီလ ၁၆ ရက်နေ့ ညနေ (၆) နာရီက ကျောက်ဖြူမြို့၊ အစိုးရပ်ကွက်၊ ဗျူးပွိုင့်အနီးမဏ္ဍပ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့နယ် ကင်းသာကုန်ထုတ်စခန်း (၁/၂) မှ အကျဉ်းသား (၃၇) ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြု
Apr 18,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၃၀/၂၀၂၄ အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကင်းသာကုန်ထုတ်စခန်း(၁/၂)တွင် လွတ်ငြိမ်းခွင့်ရသည့် အကျဉ်းသားများအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပြုအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကင်းသာကုန်ထုတ်စခန်း(၁) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အိမ်မဲမြို့နယ်တွင် (၁၁၆)ကြိမ်မြောက် မြို့နယ်လုံးကျွတ် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Apr 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် နှစ်စဥ်ကျင်းပသည့် (၁၁၆)ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်မှ စတင်၍ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၆၀)ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာ သက်ကြီးပူဇော်ပွဲသို့ တက်ရောက်ပူဇော်
Apr 18,2024
(၆၀) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲအခမ်းအနားကို ရခိုင်-မြန်မာ သက္ကရာဇ် ၁၃၈၆-ခု၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ခိုင်သဇင်ခန်းမ၌ ကျင်းပရာ စစ်တွေမြို့ပေါ်မှ သက်ကြီးအဘိုး၊ အဘွားများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ စစ်တွေမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကော်မတီဝင်များနှင့် အလှူရှင်များ တက်ရောက် ပူဇော်ကြသည်။