ပြည်သူ့ရင်ပြင်တွင် ၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင် ဆင်ယင်ကျင်းပ

ရန်ကုန် ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် ၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်ကူးအထူးဓမ္မသဘင်ကို ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဖိတ်ကြားထားသူများ၊ ရဟန်းရှင်လူအများပြည်သူများက လာရောက်တရားနာယူခဲ့ကြသည်။

အဆိုပါ ပြည်သူ့ရင်ပြင် မြန်မာနှစ်သစ်ကူးအထူးဓမ္မသဘင်နှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတော်ဩဝါဒစရိယ၊ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက တရားရေအေးအမြိုက်ဆေး တိုက်ကျွေးဟောကြားသွားခဲ့သည်။

နှစ်ဆန်းစ်ရက်နေ့ မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရဟန်းရှင်လူပြည်သူများက သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရအတွက် စုပေါင်းလှူဒါန်းငွေစုစုပေါင်းမှာ ငွေကျပ် (၁၀၃၅၀၁၁၃၄)ကျပ်ဖြစ်ကြောင်း သိရသည်။

မြန်မာနှစ်သစ်ကူး အထူးဓမ္မသဘင်ကို နှစ်ဆန်းတစ်ရက်နေ့မှ နှစ်ဆန်းသုံးရက်နေ့အထိနေ့စဉ် ည (၇)နာရီအချိန်တွင် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးဟောကြားသွားမည်ဖြစ်ပါသဖြင့် ရဟန်းရှင်လူ ပြည်သူများမှ တရားနာကြွရောက်နိုင်ပါကြောင်းနှင့် ဓမ္မပူဇာဒါနကုသိုလ်ပြုလိုသူများအနေဖြင့် ဖော်ပြပါ KBZ Pay ဖြင့် QR Code အား Scan ဖတ်၍ ပါဝင်လှူဒါန်းနိုင်ပါကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)