သတင်းများ

ဒလမြို့နယ်တွင် ရှင်ဥပဂုတ္တမထေရ်မြတ်ဖောင်တော် ပင့်ဆောင်ပူဇော်ပွဲ ကျင်းပပြုလုပ်
Apr 18,2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖောင်တော်မျှောပူဇော်သည့် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး၏ ဒေသစာရီရေကြောင်းခရီးဖောင်တော်အား တွံတေးခရိုင်၊ ဒလမြို့နယ်၊ ခနောင်ရွာမအုပ်စု၊ ခနောင်မီးခြစ်စက် ချောင်းဝကျေးရွာ၌ ယမန်နေ့က ပင့်ဆောင်ပူဇော်ပွဲကျင်းပပြုလုပ်ခဲ့သည်။  
ကျောက်ဆည်မြို့နယ်တွင် ဇွန်ပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ရရှိသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိ
Apr 18,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာအုပ်စု၊ ထားဝယ်ကျေးရွာတွင် ဇွန်ပန်းများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိရာ  နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၅၉၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ကျင်းပ
Apr 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော်စေတီတော်မြတ်ကြီး (၂၅၉၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ရွှေဆံတော်စေတီမြောက်ဘက်ဆောင်တန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
တွံတေးမြို့တွင် အကျဥ်းသား ၃၂ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ
Apr 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၁၃၈၆ ခုနှစ် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် မြန်မာနိုင်ငံအတွင်းရှိ အကျဥ်းထောင်/အချုပ်ထောင်/အကျဥ်းစခန်းအသီးသီးတွင် အကျဥ်းကျခံနေသူများထဲက အကျဥ်းသား/အကျဥ်းသူ (၃၃၀၃)ဦးအား ရာဇဝတ်ကျင့်ထုံး ၄၀၁ ပုဒ်မခွဲ ၁ အရ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ရာ တွံတေးမြို့နယ်အတွင်းရှိ အကျဥ်းဦးစီးဌာန (၂)ခုမှ အကျဥ်းသား( ၃၂)ဦးကို ယမန်နေ့နံနက် ၉ နာရီက လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။
ကော့မှူး၌ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲ ကျင်းပ
Apr 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် မြို့နယ်‌ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ဧပြီလ ၁၆ ရက်နေ့ ည ၇ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
သရက်အကျဉ်းထောင်မှ အကျဉ်းသား (၂၆)ဦး၊ အကျဥ်းသူ (၄)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ
Apr 18,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၃၀/၂၀၂၄ ဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ (၃၃၀၃)ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သဖြင့် သရက်အကျဉ်းထောင်မှ အကျဉ်းသား (၂၆)ဦး၊ အကျဉ်းသူ (၄)ဦး စုစုပေါင်း (၃၀)ဦး လွတ်ငြိမ်းခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကျင်းပ
Apr 18,2024
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ မြန်မာနှစ်ဆန်း (၂) ရက်နေ့ သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ
Apr 18,2024
မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ကျင်းပပြုလုပ်သော မြန်မာနှစ်ဆန်း (၂)ရက်နေ့ သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မုရောင်းကျေးရွာ မြဆည်းဆာဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံကြိမ်ရွှတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မြဆည်းဆာဆရာတော်ထံမှ တက်ရောက်လာသော ဘိုးဘွားများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။