မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ဟင်္သာတအကျဥ်းထောင်မှ အကျဥ်းသား/အကျဥ်းသူများအား လွတ်ငြိမ်းခွင့်ပြုပေး
Apr 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ အကျဥ်းဦးစီးဌာန၏ အထူးတရားရုံးခန်းတွင် မြန်မာနှစ်ဆန်း ၁ ရက်နေ့ မြန်မာ့နှစ်သစ်မင်္ဂလာအထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၃၀/၂၀၂၄ ဖြင့် ကျင့် ၄၀၁(၁)အရ ဟင်္သာတမြို့ အကျဥ်းထောင်မှ ယမန်နေ့ နေ့လယ် ၁၁ နာရီမှ ၁၂ နာရီအထိ အကျဥ်းသား/အကျဥ်းသူ ကျား(၄၅)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်း (၅၆)ဦးကိုလည်းကောင်း၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကျား(၄)၊ မ(၂)ဦးကိုလည်းကောင်း၊ တပ်မတော်အက် ကျား (၂)ဦး၊ ရဲစည်းကမ်း ကျား(၁)ဦးနှင့် အခြားမှု ကျား (၃၈)၊ မ(၉)ဦးတို့ကို လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။