သတင်းများ

မန္တလေးဗဟိုအကျဉ်းထောင်၌ အကျဥ်းသား/သူများအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြု
Apr 19,2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် ၃၀/၂ဝ၂၄ ဖြင့် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရ သည့် အကျဉ်းသား/သူ ၃၃၀၃ ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုခဲ့ရာ မန္တလေးဗဟိုအကျဉ်း ထောင်မှ အကျဉ်းသား ၂၀၅ ဦး၊ အကျဥ်းသူ ၃၁ ဦး၊ စုစုပေါင်း ၂၃၆ ဦးအား ဧပြီလ ၁၇ ရက်၊ (၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့)နံနက် ၁၁ နာရီက လွှတ်ပေးလိုက် ကြောင်း သတင်းရရှိသည်။
လပွတ္တာမြို့နယ်တွင် မြို့နယ်လုံးကျွတ် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Apr 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် နှစ်စဥ်ကျင်းပသည့် မြို့နယ်လုံးကျွတ် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဧပြီလ ၁၇ ရက် ညနေ ၅ နာရီအချိန်မှစတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် မိုးရွာသွန်း၍ ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျမှုနှင့် အမိုးလန်ပျက်စီးမှု ထပ်မံဖြစ်ပွား
Apr 19,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန်ခန့်က မိုးရွာသွန်း၍ ရုတ်တရက်လေပြင်းတိုက်ခိုက်မှုကြောင့် ရွှေတောင်မြို့နယ် ဖုန်းဆိုးကျေးရွာ၊ ဝါးတောကျေးရွာနှင့် ရွာသစ်ကြီးကျေးရွာများအတွင်းရှိ လူနေအိမ် (၁)လုံး ပြိုကျခဲ့ပြီး လူနေအိမ် (၂) လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ နှစ်ဆန်း (၁) ရက်နေ့ သက်ကြီးဘိုးဘွားပူဇော်ပွဲ ကျင်းပ
Apr 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ နှစ်ဆန်း (၁) ရက်နေ့ သက်ကြီးဘိုးဘွားပူဇော်ပွဲကို ဧပြီ ၁၇ ရက်နေ့ ညနေ (၄) နာရီက အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်း၊ မြို့နယ်ခန်းမတွင် ကျင်းပသည်။
မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ဝါးခယ်မမြို့နယ် အကျဉ်းထောင်မှ အကျဥ်သားများ လွတ်ငြိမ်းချမ်းသာခွင့်ပြု
Apr 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ဝါးခယ်မမြို့နယ်၊ မင်းလံကစကဲကျေးရွာရှိ ကစကဲစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းတွင် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုအား ကြည့်ရှုစစ်ဆေး
Apr 19,2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို သင်္ဘောများဖြင့် ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းတွင် ရန်ကုန်မြို့မှလူသုံး ကုန်ပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နေ့လယ်ပိုင်းက ကြည့်ရှုစစ်ဆေးကြသည်။
တောင်ငူမြို့၌ အဘိုး၊ အဘွားများ ပူဇော်ကန်တော့ပွဲ ကျင်းပ
Apr 18,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ၁၃၈၆ ခုနှစ်၊ တန်ခူးလ နှစ်ဆန်းတစ်ရက်နေ့၊ အဘိုးအဘွားများ ပူဇော်ကန်တော့ပွဲကို ကေတုမတီဘိုးဘွားရိပ်သာခန်းမ၌ ကျင်းပသည်။
မော်လိုက်မြို့၌  မြန်မာ့နှစ်ဆန်း (၁) ရက်နေ့တွင် အသက် (၈၅) နှစ်အထက် ပူဇော်ခံအဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပ
Apr 18,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ် မြန်မာ့နှစ်ဆန်း (၁) ရက်နေ့တွင် အသက် (၈၅) နှစ်အထက် ပူဇော်ခံအဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ၊လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ပူဇော်ကန်တော့ခဲ့ကြသည်။