သတင်းများ

အခြေခံစာတက်မြောက်ရေး သင်တန်းသားများ၊ နည်းပြဆရာ၊ ဆရာမများနှင့် ကြီးကြပ်များအား Tshirt အင်္ကျီများနှင့် ဦးထုပ်များ‌အား ထောက်ပံ့ပေးအပ်
Apr 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အမက (စျေး) တွင် ဖွင့်လှစ်သင်ကြားနေသော အခြေခံစာတက်မြောက်ရေးသင်တန်းသားများ၊ နည်းပြဆရာ၊ ဆရာမများနှင့် ကြီးကြပ်များအား ယမန်နေ့ညနေ ၄ နာရီအချိန်က Tshirt အင်္ကျီများနှင့် ဦးထုပ်များ‌အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့၌ မြန်မာနှစ်ဆန်း (၂)ရက်နေ့တွင် အသက် (၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပ
Apr 19,2024
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မြန်မာနှစ်ဆန်း (၂)ရက်နေ့ သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကမမောင်းမြို့ အာလောကာရာမဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး အာလောကာရာမကျောင်းဆရာတော်ထံမှ တက်ရောက်လာသော ဘိုးဘွားများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ကျုံမငေးမြို့တွင် အန္တရာယ်ကင်းပရိတ်တရားနာယူခြင်းနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Apr 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့တွင် ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းအချိန်က အန္တရာယ်ကင်း ပရိတ်တရားနာယူခဲ့ပြီး စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခြင်းနှင့် အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း
Apr 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်ဇေယျခန်းမ၌ ဧပြီလ ၁၇ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်က အန္တရာယ်ကင်းပရိတ်တရားနာ ယူခြင်းနှင့် အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် ရုတ်တရက်လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်
Apr 19,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းက ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွားသွန်းမှုကြောင့် လူနေအိမ် (၅)လုံးပြိုကျခဲ့ပြီး လူနေအိမ် (၂၇) လုံးအမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိမ်းအမှတ်အဖြစ် သက်ကြီးပုဂ္ဂိုလ်များအား စုပေါင်းရေကန်တော့
Apr 19,2024
မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ (၃) နှင့် ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ သန္ဓေမီးသတ်တပ်ဖွဲ့နှင့် မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက သက်ကြီးပုဂ္ဂိုလ်များအား မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိမ်းအမှတ်အဖြစ် စုပေါင်းရေကန်တော့ပွဲ ကို ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်)နေ့ နံနက် ၁၀ နာရီက အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အကွက်(၇)၊ ၈၉လမ်း၊ ၉×၁၀လမ်းကြားရှိ အသင်းရုံးတွင် ကျင်းပပြုလုပ် သည်။
လပွတ္တာမြို့နယ်တွင် သက်ကြီးအဘိုးအဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ကန်တော့
Apr 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ယမန်နေ့ ညနေ ၄ နာရီမှစ၍ လပွတ္တာမြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးအဘိုးအဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာနေပြည်သူများအတွက် နေအိမ်အရောက် သောက်သုံးရေများ သွားရောက်လှူဒါန်း
Apr 19,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီး နွေရာသီတွင် ကျေးရွာ/ရပ်ကွက်များရှိ ပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ပြီး ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာရှိ ရေလှောင်ကန်နှင့် နေအိမ် များသို့သောက်သုံးရေများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ဖြန့်ဝေပေးခဲ့ သည်။