သရက် ဧပြီ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၃၀/၂၀၂၄ ဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ (၃၃၀၃)ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သဖြင့် သရက်အကျဉ်းထောင်မှ အကျဉ်းသား (၂၆)ဦး၊ အကျဉ်းသူ (၄)ဦး စုစုပေါင်း (၃၀)ဦး လွတ်ငြိမ်းခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ (၃၀)ဦးအား ယမန်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က သရက်အကျဥ်းထောင်မှ တာဝန်ရှိသူများနှင့်အတူ တွေ့ဆုံ၍ ကောင်းမွန်စွာနေထိုင်ကြရန် ဆုံးမဩဝါဒစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)