ကော့မှူး ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် မြို့နယ်ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ဧပြီလ ၁၆ ရက်နေ့ ည ၇ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်မဟိုမဏ္ဍပ်ပိတ်ပွဲတွင် ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး လာရောက်ကပြဖျော်ဖြေကြသည့် ယိမ်းအကအဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆုတော်ငွေများ ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို”သီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေခဲ့ကြပြီး မြန်မာ့ရိုးရာမဟာင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို အေးချမ်းပျော်ရွှင်စွာ ပိတ်သိမ်းခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ပြန်/ဆက်)