တွံတေးမြို့တွင် အကျဥ်းသား ၃၂ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ

တွံတေး ဧပြီ  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၁၃၈၆ ခုနှစ် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် မြန်မာနိုင်ငံအတွင်းရှိ အကျဥ်းထောင်/အချုပ်ထောင်/အကျဥ်းစခန်းအသီးသီးတွင် အကျဥ်းကျခံနေသူများထဲက အကျဥ်းသား/အကျဥ်းသူ (၃၃၀၃)ဦးအား ရာဇဝတ်ကျင့်ထုံး ၄၀၁ ပုဒ်မခွဲ ၁ အရ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ရာ တွံတေးမြို့နယ်အတွင်းရှိ အကျဥ်းဦးစီးဌာန (၂)ခုမှ အကျဥ်းသား( ၃၂)ဦးကို ယမန်နေ့နံနက် ၉ နာရီက လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလွတ်ငြိမ်းခွင့်ရ ရွှေသူဋ္ဌေးအကျဥ်းဦးစီးဌာနနှင့် တောကြီးတန်းအကျဥ်းဦးစီးဌာနများမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူ အကျဉ်းသားများထံသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲနှင့် အကျဥ်းဦးစီးဌာနတို့မှ တာဝန်ခံတို့က တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ အကျဥ်းဦးစီးများမှ အကျဥ်းသားများအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ အပုဒ်ခွဲ(၁)အရ ရွှေသူဋ္ဌေးအကျဥ်းဦးစီးဌာနမှ  အကျဥ်းသား (၂၁)ဦး၊ တောကြီးတန်းအကျဥ်းဦးစီးဌာနမှ (၁၁)ဦးကို အကျဥ်းဦးစီးနှစ်ခုမှ ယနေ့နံနက် ၉ နာရီက လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရှိရသည်။

တွံတေးသား