မုဒုံမြို့ ကန်ကြီးစေတီတော်မြတ်ကြီးတွင် ဆီမီး (၉၀၀၀) ပန်း (၉၀၀၀) ပူဇော်ပွဲကျင်းပ

မုဒုံ ဧပြီ ၁၈

မွန်ပြည်နယ် မုဒုံမြို့ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် ၁၃၈၆ ခုနှစ် ယမန်နေ့က ဆီမီး (၉၀၀၀) ပန်း(၉၀၀၀) ပူဇော်ပွဲကို ကျင်းပသည်။

ဦးစွာ သြဝါဒစရိယ ဆရာတော်ကြီးများထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စေတီတော်ဂေါပကအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက သီလတော်မြတ်ခံယူကြပြီး နှစ်ဦးပရိတ်တရားတော်မြတ်အား ရွတ်ပွားသရဇ္ဇျာယ်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးများမှ ဦးဆောင်၍ ဘုရားစေတီတော်၊ ရင်ပြင်တော်ဝန်းကျင်တွင် ဘုရားဆီမီးများ ကပ်လှူပူဇော်ခြင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများ၊ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာ ပြည်သူများမှ  ရေချမ်း၊ ပန်း၊ ဆီမီး၊ နံ့သာတိုင်များ ထွန်းညှိပူဇော်ခြင်း ဘုရားဝတ်ပြု ဆုတောင်းသူများ၊ ဆီမီး (၉၀၀၀) ပန်း(၉၀၀၀) ဗုဒ္ဓပူဇနိယဇော်ပွဲနှင့် စားစရာမုန့်ပဲသရေ စာ၊ကလေးကစားစရာ စသည့် အရောင်းဆိုင်များ ဘုရားပွဲဈေးရောင်းဈေးဝယ်များဖြင့် အထူးစည်ကားလျက်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)