သတင်းများ

သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာန၏ အကြိမ် (၁၀၀)ပြည့် ကျောက်ကပ်သွေးသန့်စင်ခြင်းနှင့် အလှူငွေပေးအပ်ပွဲ ကျင်းပ
Apr 18,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာန၏ အကြိမ်(၁၀၀)ပြည့် ကျောက်ကပ်သွေးသန့်စင်ခြင်းနှင့် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် လူနေအိမ် (၂) လုံးအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
Apr 18,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စု၊ ဝါးတောကျေးရွာတွင် ဧပြီလ ၁၅ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သည့် လူနေအိမ် ( ၂) လုံးအား ယမန်နေ့ နံနက်ပိုင်းက ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့သည်။
ဘားအံမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပ
Apr 18,2024
မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာတစ်ရပ်ဖြစ်သော နှစ်သစ်မင်္ဂလာ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သီလ၊ သမာဓိဂုဏ်နှင့်အသက်အရွယ်ရလာကြသော အဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်းကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ  မြန်မာသက္ကရာဇ် ၁၈၃၆ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ
Apr 18,2024
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နှင်းဆီကုန်းဘိုးဘွားရိပ်သာ သီရိရတနာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ကျိုက်မရောမြို့နယ် အကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူ (၂၀) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိ
Apr 18,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၃၀/၂၀၂၄ ဖြင့် အကျဥ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီးတွင် ပြစ်ဒက်ကျခံလျက်ရှိသော အကျဥ်းသား၊ အကျဥ်းသူ (၃၃၀၃)ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုပ်မ ၄၀၁/ပုပ်မခွဲ (၁)အရ ပြစ်ဒက်မှ လွတ်ငြိမ်းခွင့်ပြုသဖြင့် ကျိုက်မရောမြို့နယ်ရှိ အကျဥ်းထောင်မှ အကျဥ်းသား (၁၆)ဦး၊ အကျဥ်းသူ(၄)ဦး စုစုပေါင်း(၂၀)ဦး လွတ်ငြိမ်းခွင့်ရရှိကြောင်း သိရသည်။
ထိဝါကလေး-တာလေလမ်း ၃၀/၀ မိုင်အနက် ၆/၀ မိုင် အမာခံလမ်းခင်းခြင်းနှင့် ၅ ပေ Box Culvert  ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Apr 18,2024
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၃၁၈၅ ဒသမ ၉၃၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၃/၀ မိုင်၊ သံကူကွန်ကရစ်တံတား ၄ စင်း၊ Box Culvert ၁၈ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး မြဝတီမြို့နယ်၊ ထိဝါကလေး-တာလေလမ်း ၃၀/၀ မိုင်အနက် ၆/၀ မိုင် အမာခံလမ်းခင်းခြင်းနှင့် ၅ ပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါသည်။
ပေါင်မြို့နယ် အကျဉ်းဦးစီးဌာနမှ အကျဉ်းသား (၂၀)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး
Apr 18,2024
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် အကျဉ်းဦးစီးဌာနမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သည့် လုပ်အားရှင်များအား လွှတ်ပေးသည့် အခမ်းအနားကို ဇင်းကျိုက်၊ ရင်းငြိမ်၊ အင်ပြောင်ကုန်ထုတ်စခန်းတို့၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူမြို့၊ လေးကျွန်းကန်တော်ရှိ စပယ်ကျွန်းနန်းတော်တွင် ဆုပန်ကလျာမင်းသမီးအား ထိုင်းရိုးရာများဖြင့် ပူဇော်ပွဲ ကျင်းပ
Apr 18,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ လေးကျွန်းကန်တော်ရှိ စပယ်ကျွန်းနန်းတော်တွင် ထိုင်းနိုင်ငံ ပိစနိုးလော့(Phitsanulok)မြို့မှ ဒေါက်တာ ဆွန်ထိုင်း (Dr.Somthai) ဦးဆောင်၍ ချင်းမိုင်မြို့ (Arunyik) ဘုရားကျောင်းဆရာတော်ကြီး Dr.Thamasak နှင့် ထိုင်းဘုရင့်တပ်မတော်ဒုတိယစစ်သေနာပတိ (Wichit Yathip) (ငြိမ်း)နှင့် ဆုပန်ကလျာ၏ ဆွေတော်မျိုးတော်များ စုစုပေါင်း (၅၀)ဦးက တောင်ငူဘုရင် ဘုရင့်နောင်မင်းတရားကြီးထံ ထိုင်းနိုင်ငံ ပိစနိုးလော့ (Phitsarnulok)မှ ဘုရင် ဗြမဟာဓမ္မရာဇာမင်း (Mhathammara Chathirat 1950- 1590)က ဆက်သလိုက်သော သမီးတော် ဆုပန်ကလျာမင်းသမီးအား ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ထိုင်းရိုးရာများဖြင့် ပူဇော်ပွဲ ကျင်းပခဲ့သည်။