ဝါးခယ်မမြို့နယ်တွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခြင်းနှင့် အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း

ဝါးခယ်မ ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်ဇေယျခန်းမ၌ ဧပြီလ ၁၇ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်က အန္တရာယ်ကင်းပရိတ်တရားနာ ယူခြင်းနှင့် အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အောင်ဇေယျခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက ပင့်သံဃာတော် (၂၇)ပါးတို့ထံမှ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရား‌တော်များနာယူခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပင့်သံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)