မန္တလေး ဧပြီ ၁၉
မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ (၃) နှင့် ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ သန္ဓေမီးသတ်တပ်ဖွဲ့နှင့် မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက သက်ကြီးပုဂ္ဂိုလ်များအား မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိမ်းအမှတ်အဖြစ် စုပေါင်းရေကန်တော့ပွဲ ကို ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်)နေ့ နံနက် ၁၀ နာရီက အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အကွက်(၇)၊ ၈၉လမ်း၊ ၉×၁၀လမ်းကြားရှိ အသင်းရုံးတွင် ကျင်းပပြုလုပ် သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး (ငြိမ်း) ဦးညွန့်ရင် (၆၆)နှစ်၊ ရပ်မိရပ်ဖ ဦးညွန့်ဝင်း (၅၇)နှစ်၊ မြို့နယ်အရန်မီးသတ်တပ်ရင်းရုံးမှ တပ်ခွဲမှူးဟောင်း ဦးမောင်မောင်မြင့် (၆၇)နှစ်၊ ဥပုသ်တော်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ကြပ်ကြီး ရွှေဝင်း (၇၇) နှစ်၊ အမရဌာနီအရှေ့ရပ်ကွက်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်စုမှူးဟောင်း ဒေါ်ဝင်းဝင်းနွယ် (၇၀)နှစ်၊တို့အား မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ(၃)မှ တပ်ခွဲမှူး မောင်မောင်(ခ)ဇော်ဝင်းအောင်၊ ဒုတိယတပ်ခွဲမှူး စိန်ဌေး၊ တပ်စုမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကန်တော့ခံသက်ကြီး တစ်ဦးလျှင် အလှူငွေ ၁၁၀၀၀၀ိ/(တစ်သိန်းတစ်သောင်း) ကျပ်စီနှင့် ကန်တော့ပစ္စည်းများအား လှူဒါန်းပေးကြပြီး ကန်တော့ခံပုဂ္ဂိုလ်များကိုယ်စား ဦးညွန့်ရင်က ဆုတောင်စကားပြောကြားကြောင်းသတင်းရရှိသည်။
မြင့်မော်ထွန်း(အောင်-စံ၊ပြန်/ဆက်)