လပွတ္တာမြို့နယ်တွင် သက်ကြီးအဘိုးအဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ကန်တော့

လပွတ္တာ ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ယမန်နေ့ ညနေ ၄ နာရီမှစ၍ လပွတ္တာမြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးအဘိုးအဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ သွားရောက်ကန်တော့ရာတွင် လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထူး ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ လပွတ္တာ မြို့ပေါ်ရပ်ကွက် (၁၀)ခုရှိ သက်ကြီးဘိုးဘွား(၁၇၁)ဦးတို့အား ရပ်ကွက်များအလိုက် အဖွဲ့များခွဲ၍ သက်ကြီးဘိုးဘွားတစ်ဦးလျှင် အလှူငွေသုံးသောင်းကျပ်နှင့် စားသောက်ဖွယ်ရာ များကို အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ခဲ့ကြကြောင်း သိရသည်။

မူမူ(ပြန်/ဆက်)