ဝါးခယ်မ ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အမက (စျေး) တွင် ဖွင့်လှစ်သင်ကြားနေသော အခြေခံစာတက်မြောက်ရေးသင်တန်းသားများ၊ နည်းပြဆရာ၊ ဆရာမများနှင့် ကြီးကြပ်များအား ယမန်နေ့ညနေ ၄ နာရီအချိန်က Tshirt အင်္ကျီများနှင့် ဦးထုပ်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များက ဝါးခယ်မမြို့၊ စျေးရပ်ကွက် အ.မ.က (စျေး) တွင် ဖွင့်လှစ်သင်ကြားနေသော အခြေခံစာတက်မြောက်ရေးသင်တန်းသားများ၊ နည်းပြဆရာ၊ ဆရာမများနှင့် ကြီးကြပ်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော Tshirt အင်္ကျီများနှင့် ဦးထုပ်များအား ထောက်ပံ့ပေးအပ်ခဲ့ပြီး အချိုရည်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)