ရွှေတောင် ဧပြီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းက ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွားသွန်းမှုကြောင့် လူနေအိမ် (၅)လုံးပြိုကျခဲ့ပြီး လူနေအိမ် (၂၇) လုံးအမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေဘေးသင့် အိမ်ထောင်စုများအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း ကျီးသဲကျေးရွာအုပ်စု၊ မကျီးပေါက်ကုန်းကျေးရွာအုပ်စု၊ သရက်သုံးပင်ကျေးရွာအုပ်စုတို့ရှိ ပြိုကျလူနေအိမ်(၁)လုံးနှင့် အမိုးလန်လူနေအိမ်(၂၄)လုံးတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင်လည်းကောင်း၊ ပေါင်းချုပ်ကျေးရွာအုပ်စုနှင့် ကွင်းယားကြီးကျေးရွာအုပ်စုတို့ရှိ ပြိုကျလူနေအိမ် (၄)လုံးနှင့် အမိုးလန်လူနေအိမ် (၃)လုံးတို့အား ပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ပြိုကျလူနေအိမ်(၅)လုံးနှင့် အမိုးလန်လူနေအိမ်(၂၇)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်း ထောက်ပံ့ငွေ (၁၈၄၅၂၀၀ိ/-) ကျပ် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ပြိုကျနေအိမ် (၅)လုံးအတွက် တစ်အိမ်လျှင် ပစ္စည်း (၁၆) မျိုးပါ ပုံး( ၁) ပုံးစီတို့အား လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန် /ဆက်)