ဝါးခယ်မ ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့တွင် ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းအချိန်က အန္တရာယ်ကင်း ပရိတ်တရားနာယူခဲ့ပြီး စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ညနေပိုင်းအချိန်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးနောင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများက ပင့်သံဃာတော်(၃)ပါးတို့ထံမှ အန္တရာယ်ကင်း ပရိတ်တရားနာယူခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျုံမငေးမြို့၊ မြစိမ်းရပ်ကွက်တွင် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)