သတင်းများ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာ နာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာ သာမိ (တောမှီရဟန်း) အရှင်သူမြတ်အား သွားရောက်ဖူးမြော်ကြည်ညို
Apr 20,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၅ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊  တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့ အေးရိပ်သာနာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာကမ္မဋ္ဌာနစရိယ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ သီရိပျံချီဒေါက်တာဘဒ္ဒန္တ ပညာသာမိ (တောမှီရဟန်း)အရှင်သူမြတ်အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ကောင်းမွန်‌စေရေးကို အထောက်အကူ ပြုစေသည့် တိုက်ကွမ်ဒိုသင်တန်း ကျွန်းစုမြို့တွင် ဖွင့်လှစ်
Apr 20,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့မှ ကြီးမှူး၍ ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ကောင်းမွန်‌စေရေးကို အထောက်အကူ ပြုစေသည့် တိုက်ကွမ်ဒိုသင်တန်းကို (၇)ရက် ကြာဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီအချိန် က မြို့နယ်မိုးလုံ‌လေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ အပူဒဏ်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်နှင့် ဓာတ်ဆားထုပ်များ ဖြန့်ဝေပေး
Apr 20,2024
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ အပူဒဏ်ကာကွယ်​ရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဓာတ်ဆားထုပ်များကို ပြည်သူများအား ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံစေရေးအတွက် နေ့ညမပျက် ကြပ်မတ်စစ်ဆေးမှုများ ဆောင်ရွက်
Apr 20,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား နွေရာသီကာလ မီးဘေးလုံခြုံစေရန်နှင့် ဈေးလုံခြုံမှုရှိစေရန် ရည်ရွယ်၍ ဈေးတာဝန်ခံ ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ယမန်နေ့ ည ၆ နာရီခွဲအချိန်က မြို့မစည်ပင်သာယာဈေးကြီးအတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Apr 20,2024
မွန်ပြည်နယ်အတွင်းရှိ သထုံ၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ကျိုက်ထို၊ မုဒုံ မော်လမြိုင်၊ ကျိုက်မရော မြို့နယ်များရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများ၊ ယာယီနေရပ်စွန့်ခွာစခန်းများ၊ ဘုန်းကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များတွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို
ကျောက်ဆည်မြို့တွင် ထိုင်ဝမ်ကျောက်စီမ်းဖရဲသီး ရောင်းချသူများရောင်းအားကောင်း၍ အဆင်ပြေ
Apr 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နွေရာသီရောက်ရှိလာသည့်အတွက် ထိုင်ဝမ်ကျောက်စီမ်းဖရဲသီးများ ရောင်းအားကောင်းလျက်ရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ပန်းမုံလာစိုက်တောင်သူများ ပန်းမုံလာ (၁) ပွင့်ငွေ (၃၅၀) ကျပ်ဖြင့် ရောင်းချရသဖြင့် အဆင်ပြေလျက်ရှိ
Apr 20,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မြစ်ဘေး၊ ချောင်းဘေးနှင့် ရေအရလွယ်ကူသည့် နေရာများရှိ သဲနုန်းဆန်သည့်မြေများတွင် ဟင်းသီး၊ ဟင်းရွက်များစိုက်ပျိုးရောင်းချလျက်ရှိရာ ပင်တလယ်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ပန်းမုံလာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း နှင့် ပန်းမုံလာ (၁) ပွင့် ငွေ (၃၅၀) ကျပ်ဖြင့် ရောင်းချရဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
မြိတ်မြို့တွင် မီးပူဇော်ထားသော လျှပ်စစ် မီးလုံးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားပြီး နေအိမ်တစ်လုံး မီးလောင်
Apr 20,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်တောင်ရပ်ကွက်၊ မြို့မ (၂) ရပ်၊ မြခွာညိုလမ်းရှိ ဦးထွန်းဦး ပိုင်ဆိုင်သော အလျား (၂၀) ပေ၊ အနံ (၃၀) ပေ၊ ပျဉ်ထောင်အုတ်ညှပ် သွပ်မိုး (၂) ထပ် လူနေအိမ်အပေါ်ထပ် ဘုရားစင်တွင် ဧပြီ (၂၀) ရက် နံနက် (၉) နာရီ (၅၅) မိနစ်တွင် မီးပူဇော်ထားသော လျှပ်စစ်မီးလုံးအပူလွန်ကဲရာမှ မီးလောင်မှုစတင်ဖြစ်ပွားပြီး နေအိမ်အပေါ်ထပ် မီးလောင်ကျွမ်းပျက်စီးခဲ့သည်။