ချောင်းဆုံ ဧပြီ ၁၉
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီး နွေရာသီတွင် ကျေးရွာ/ရပ်ကွက်များရှိ ပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ပြီး ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာရှိ ရေလှောင်ကန်နှင့် နေအိမ် များသို့သောက်သုံးရေများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ဖြန့်ဝေပေးခဲ့ သည်။
အဆိုပါ သောက်သုံးရေများ အခမဲ့ဖြန့်ဝေပေးခြင်းကို မော်လမြိုင်ခရိုင်မီးသတ်ဦးစီးမှူး ဦကျော်ထွန်းဝင်း ဦးဆောင်ပြီး ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ မော်လမြိုင်လူမှုကယ်ဆယ်ရေးအသင်းမှ အဖွဲ့ဝင်များ၊ ချောင်းဆုံစည်/ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများတို့သည် မီးသတ်ရေသယ်ယာဉ်(၃)စီး၊ စည်/ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်(၁)စီး၊ မော်လမြိုင်လူမှုကယ်ဆယ်ရေးအသင်း (၄) သင်းမှ ရေသယ်ယာဉ်(၄) စီးဖြင့် စုစုပေါင်းရေဂါလန် (၂၇၄၀၀) ဂါလန်ကို ကျေးရွာရှိ ရေေလှာင်ကန်နှင့် နေအိမ်များသို့ အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်းနှင့် ရေရှားပါးသည့် အခြားကျေးရွာများသို့လည်း ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)