ရွှေဘိုမြို့တွင် ခရိုင်အဆင့်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 24,2024
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ခရိုင်အဆင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်ကပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ခရိုင်အဆင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် ကော်မတီဝင် (၂၄) ဦး၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရွှေဘိုမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ပွဲရုံလုပ်ငန်းရှင်များ၊ဆန်ဆိုင်ပိုင်ရှင်များ၊ စုစုပေါင်း (၁၀၄) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။