သတင်းများ

ဂန့်ဂေါမြို့နယ်တွင် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲပြုလုပ်
Jul 07,2024
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရန်နှင့် ဒေသတွင်းအပူချိန် လျော့ကျကာ ဂေဟစနစ် တည်ငြိမ်လာစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ အ.မ.က(မြို့မတောင်ပိုင်း)ကျောင်းတွင် ယနေ့နံနက် ၈ နာရီအချိန်က မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း၍ စံကွက်ရိတ်သိမ်း
Jul 07,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နွေနှမ်းများအောင်မြင်ဖြစ်ထွန်း၍ စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘုန်းတော်ပြည့်ကျေးရွာ တောင်သူ ဒေါ်အေးသန်း၏ ကွင်းအမှတ်(၁၂၀၃)၊ ဦးပိုင်အမှတ်(၂၅/၁)လယ်ယာမြေဒသမ ၂၅ ဧကတွင် ပြုလုပ်ခဲ့သည်။
သရက်မြို့ ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာချစ်သူများ စာဖတ်ဝိုင်းကျင်းပ
Jul 07,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာဖတ်ဝိုင်းကျင်းပခြင်းကို၁၉၉၃ခုနှစ် မေလထုတ် ရွှေအမြူတေးမဂ္ဂဇင်းပါ  စာရေးဆရာ နေဝင်းမြင့်၏နက်(စ်) ကော်ဖီဝတ္ထုတိုဖြင့်  ယနေ့ နံနက်(၈)နာရီက Commnuty Centre ခန်းမ၌ ကျင်းပခဲ့သည်။
ဘိုကလေးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ စတင်ကျင်းပ
Jul 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်းဘောလုံးကွင်းတွင် ယမန်နေ့ ယမန်နေ့ ညနေ (၃) နာရီအချိန်တွင် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲနှင့်အတူ ဘောလုံးပြိုင်ပွဲ စတင်ယှဉ်ပြိုင်ကျင်းပခဲ့သည်။
မြို့သစ်မြို့ “မြို့မဈေးကြီးအတွင်း” အသား/ငါးဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 07,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့သစ်မြို့၊ မြို့မစျေးအတွင်း အသား/ငါးများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဟိုပုံးတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံ
Jul 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်ကာ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ(အထူးဒေသ)အ‌ခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jul 07,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ (အထူးဒေသ) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ ညနေ(၁)နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မင်းဘူး(စကု)မြို့နယ်၌ မိုးသီးနှံ သီးနှံစုံ ဧက ၂၀၀၀၀၀ ကျော် စိုက်ပျိုးရန် လျာထား
Jul 07,2024
မကွေးတိုင်းဒေသကြီ၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မိုးသီးနှံ သီးနှံစုံဧက ၂၀၀၀၀၀ ကျော် စိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။