သတင်းများ

မိုးနဲမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (ဆိုင်းဖယ်)တွင် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Jul 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (ဆိုင်းဖယ်)၌ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇူလိုင်နေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်းခန်းမဆောင်နေရာ၌ ကျင်းပပြုခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ် သီရိမင်္ဂလာဓမ္မစကူးလ် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းတွင် အာဟာရမုန့်များ လှူဒါန်း
Jul 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် စတုတ္ထအကြိမ်မြောက် ဓမ္မစကူးလ် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို သီရိမင်္ဂလာအုဋ်ကျောင်း၌ ဖွင့်လှစ်ပေးလျက်ရှိပါသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံမိုးမြေပဲ ၆၉၅ ဧက စိုက်ပျိုးပြီးစီး
Jul 08,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ဆီထွက်သီးနှံ မိုးမြေပဲစိုက်ပျိုးခြင်းကို ယမန်နေ့အထိ ၆၉၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
မိမိတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်
Jul 07,2024
ကရင်ပြည်နယ် မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကျင်းပသော မွန်ရိုးရာယဉ်ကျေးမှုအမွေအနှစ် သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဖြူးမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ဆောင်ရွက်
Jul 07,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် ဒုတိယအကြိမ်သစ်ပင်စိုက်ပွဲအား ယနေ့နံနက် ၈ နာရီအချိန်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၁၁၃/၅မိုင် အဝေရာရေလွှဲဆည်အနီးတွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအနေဖြင့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jul 07,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်စိုက်ပျိုးသည့် ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ရွာသစ်ကလေး ကျေးရွာအနီး ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မြေကွက်လပ်၌ ကျင်းပခဲ့သည်။
မိုးစပါးမျိုးစေ့ထုတ်နှင့်နေ ကြာမျိုးစေ့ထုတ်တစ်ဧက တင်း (၁၀၀) အထက်အထွက် နှုန်းရရှိရေးဆောင်ရွက်မည့် တောင်သူများထံ ပံ့ပိုးပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 07,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့ နယ် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းတစ်ဧကတင်း (၁၀၀) အထက်အထွက်နှုန်းရရှိရေးစံ ပြကွက်၊ နေကြာမျိုးစေ့ထုတ်နှင့် အစေ့ထုတ်ပြောင်း ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်မည့် တောင်သူများထံ စိုက်ပျိုးရေးပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့သည်။
စလင်းမြို့နယ်တွင် အိမ်ထောင်စု(၂၈၈) စုတို့အား သင့်တင့်မျှတသော ရည်ညွှန်းစျေးဖြင့် ဆန်များရောင်းချ
Jul 07,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မြို့နယ်အတွင်းရှိ  စားသုံးသူ ပြည်သူများအတွက် သင့်တင့်မျှတသော ရည်ညွှန်းစျေးဖြင့် ဆန်များရောင်းချပေးခြင်းကို  မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ  ဦးဆောင်ကြီးကြပ်၍ ဆန်စက်လုပ်ငန်းရှင်များနှင့်ပူးပေါင်းကာ  မြေမိကုန်းရပ်ကွက်  စလင်းဆင်ဖြူကျွန်းကားလမ်းဘေး မြေမိကုန်ရပ်ကွက်လမ်းဆုံ၌ ဇူလိုင်(၇) ရက်နံနက်(၈)နာရီအချိန်က စတင်ရောင်းချပေးခဲ့ကြောင်း  သိရသည်။