ရေနံချောင်း ဇွန် ၂၅
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်မြို့နယ်၌ နွေစပါး(ဆာဖိုးသာ) စံကွက်ရိတ်သိမ်းပွဲကို ဇွန် ၂၃ ရက်နေ့က မာန်မြေကျေးရွားအုပ်စု ဖရဲကျွန်းကျေးရွာ ကွင်းအမှတ်(၆)၊ ဦးပိုင်အမှတ် (၇၅) တောင်သူဦးဌေးဝင်း၏ လယ်မြေတွင် ကျင်းပရာ တစ်ဧက စပါးအစိုအထွက်နှုန်း ၁၉၅ ဒဿမ ၃၁ တင်း ထွက်ရှိကြောင်း သိရသည်။
နွေးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်နှင့် တာဝန်ရှိသူများ၊ ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်အားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်ကျော်က ဦးဆောင်ကာ နွေးစပါး(ဆာဖိုးသာ)စံကွက်ကို ရိတ်သိမ်းကြရာ တစ်ဧကလျင် စပါးအစိုအထွက်နှုန်း ၁၉၅ ဒဿမ ၃၁ တင်း ထွက်ရှိကြောင်းနှင့် အဆိုပါလယ်မြေတွင် ယမန်နှစ်က စိုက်ပျိုးခဲ့သည့် မနောသုခစပါးမျိုးထက် ၃၀ ရာခိုင်နှုန်း ပိုမိုထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန သိရသည်။
အဆိုပါ နွေစပါး(ဆာဖိုးသာ)စပါးမျိုးစံကွက်အား ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစတင်၍ တစ်ဧက စပါးတစ်တင်းနှုန်း ပျိုးထောင်ကာ ပင်ကြား ၆ လက်မ၊ တန်းကြား ၈ လက်မဖြင့် ပင်းချောင်းမှ ရေမြောင်းသွယ်စိုက်ပျိုးခဲ့ပြီး နွားချေး ၁၅၀ တင်း၊ သွင်းအားစုအနေဖြင့် ပုလဲနှင့် ဓာတ်မြေဩဇာ ၃ လုံး အသုံးပြုပြီး လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ် သုံးသိန်းခန့်ကုန်ကြကာ ဈေးကွက်ကောင်းမွန်ပါက အကျိုးအမြတ်များများရနိုင်ကြောင်း တောင်သူဦးဌေးဝင်းထံက သိရသည်။
မြို့နယ် (ပြန်/ဆက်)