မိုးနဲမြို့နယ်၌ ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်
Jun 25,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ပြည်သူများလက်ရှိဖြစ်ပေါ်နေသော အခြေအနေအမှန်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်သူများသိရှိစေရန်အတွက် ဌာနဆိုင်ရာ များပူးပေါင်းပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဥယျာဥ်ရပ်ကွက်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနေရာ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။