ဘားအံမြို့တွင် ယာယီပြောင်းရွှေ့နေထိုင်သူများအတွက် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Jun 25,2024
ကရင်ပြည်နယ်အတွင်း နေရာအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုအားနည်းသည့်အတွက် အဆိုပါဒေသများတွင် နေထိုင်သူများသည် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့မှ ယာယီပြောင်းရွှေ့နေထိုင်သူများအား ဆန်၊ ဆီ၊ ကြက်ဥ အစရှိသော စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။