သတင်းများ

ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်
Jun 25,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲကို ဇွန် ၂၅ ရက်က အမှတ်(၁၁)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် ကျင်းပရာ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သာပေါင်းမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီနှင့် ဆန်စက်ပိုင်ရှင်၊ ဆန်ကုန်သည်၊ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jun 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီနှင့် ဆန်စက်ပိုင်ရှင်၊ ဆန်ကုန်သည်၊ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ ကျင်းပခဲ့ကြသည်။
အမရပူရမြို့နယ်၌ နွေစပါး(ရွှေသွယ်ရင်)စံကွက်ရိတ်သိမ်းပွဲကျင်းပ
Jun 25,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဆင်ဘိုးကျေးရွာအုပ်စု ကွင်းအမှတ်(၅၆၇)ကွင်း၊ ဦးပိုင်အမှတ် (၅၄/၁)၊ ဧရိယာ(၁.၉၇) ဧကရှိ တောင်သူ ဦးဇော်မင်း၏  လယ်မြေပေါ်တွင် စိုက်ပျိုးထားရှိသော နွေစပါး (ရွှေသွယ်ရင်) စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
လားရှိုးမြို့နယ် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်က အသင်းသားများအား စုဆောင်းငွေအတိုးများ ထုတ်ပေး
Jun 25,2024
လားရှိုးမြို့နယ်၊ ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်က အသင်းသားများ၏ စုဆောင်းငွေအတိုးများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တောင်ကြီးမြို့၌ မြန်မာအမျိုးသမီးများနေ့အကြို ဟောပြောပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ပြည်နယ်အမျိုးသမီးကော်မတီနာယက ဒေါ်ညိုမီစော တက်ရောက်အားပေး
Jun 25,2024
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် မြန်မာအမျိုးသမီးများနေ့ အကြိုဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ကွန်ပျူတာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်၌ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆေးစိပ်ခြင်ထောင်များ ထောက်ပံ့ခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ဆောင်ရွက်ခြင်းလုပ်ငန်းများအဖြစ် ယမန်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်နာရီအချိန်က လေးထောင့်ကန်ရပ်ကွက်၊ ရိပ်သာလမ်းအတွင်းရှိ အိမ်ထောင်စုများထံသို့ သွားရောက်၍ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆေးစိပ်ခြင်ထောင်များ ထောက်ပံ့ပေးခြင်းများကို ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အခွန်ဘဏ္ဍာငွေတိုးတက်ကောက်ခံရရှိရေးနှင့် အခွန်ထမ်းများအား အခွန်ဆိုင်ရာတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်နိုင်ရေး အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ တက်ရောက်
Jun 25,2024
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အခွန်ဘဏ္ဍာငွေတိုးတက်ကောက်ခံရရှိနှင့် အခွန်ထမ်းများ အခွန်ဆိုင်ရာတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲအခမ်းနားကို မြစ်ကြီးနားမြို့ မြို့နယ်စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲကျင်းပ
Jun 25,2024
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ၌ ကျင်းပပြုလုပ်ခဲ့ရာ အ.ထ.က-ခွဲ(မိုင်းကိုင်)မှ ကျောင်းသား ကျောင်းသူများ၊ မြို့နယ်ကျန်းမာရေးဌာနမှ အရန်သားဖွားသင်တန်းသူများ၊ လူငယ်လူရွယ်များ တက်ရောက်ခဲ့ကြသည်။