တံတားမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Jun 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များ နှင့် (Book Club) အဖွဲ့ဝင်းများ ပူးပေါင်း၍ အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာရေးဆရာနတ်ရှင် (ရွှေဂူ) ရေးသားသည့် “လူငယ်များ၏ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် ယနေ့မွန်းလွဲ (၁) နာရီအချိန်က စာဖက်ဝိုင်းကို ကျင်ပပြုလုပ်ခဲ့သည်။