ယင်းမာပင်မြို့တွင် စာဖတ်ဝိုင်း ဆောင်ရွက်
Jun 27,2024
ယင်းမာပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့ပူးပေါင်း၍ ဆဋ္ဌဂံစာအုပ်မှ စာရေးဆရာ သိုက်စိုးထွန်း(နတ်ရွာ)၏ အရေးကြီးတာအရင်လုပ်ပါ ဆောင်းပါဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ယင်းမာပင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။