ကော့သောင်းမြို့တွင် မြေပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်
Jun 27,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ယမန်နေ့ ဇွန် (၂၅) ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အေးမြကန်သာရပ်ကွက်၊ မနော်ဟရီ(၆)လမ်းထိပ် တောင်စောင်းရှိ နေအိမ်တစ်လုံး မြေပြိုကျမှုဖြစ်ပွားခဲ့ရာ မြေပြိုမှုကြောင့် အိမ်ရှင်အမျိုးသမီးတစ်ဦးသေဆုံးမှုနှင့် နေအိမ်ပျက်စီးမှု ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့ နံနက် (၁၁) နာရီအချိန်တွင် ကော့သောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြေပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း ဆောင်ရွက်ခဲ့သည်။