မိုင်းဖြတ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ် အသိပညာ​ပေး​ဟော​ပြော

မိုင်းဖြတ် ဇွန် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာ​ပေး​​ဟော​ပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက  အလ.က(ပါဆန်း)တွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ​ဒေါ်​အေးဝင်းခိုင်က  ​ဇွန်လ ၂၆ ရက်​နေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့ဖြစ်​​ပုံ၊ မူးယစ်​ဆေးဝါးအန္တရာယ်သည် ကမ္ဘာတစ်ဝန်းတွင် ကြီးထွား​လျက်ရှိ​ကြောင်း၊ မူးယစ်​ဆေးဝါးသည် လူသားတို့၏ အသက်အန္တရာယ်ကို ဆိုးဝါးစွာထိခိုက်နိုင်သည့် အချက်များနှင့်ကျောင်း သားလူငယ်များ မူးယစ်​ဆေး၏ ​ကျေးကျွန်ဘဝမ​ရောက်​အောင် သိရှိလိုက်နာရမည့် အချက်များကို ပညာ​ပေး​​ဟော​ပြောကြားခဲ့သည်။

ဆက်လက်၍ ​ဟော​ပြောပွဲအပြီးတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​​နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ​စောင်များ ဖြန့်​ဝေ​ပေးခဲ့ပြီး ခင်းကျင်းပြသထားသည့် မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာ​ပေး နံရံကပ်စာ​စောင်များ၊ စာအုပ်ပြပွဲများကို ​ကျောင်းသား၊ ​ကျောင်းသူများက ​လေ့လာကြည့်ရှုခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)