ကြံခင်း ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် မြို့နယ်အဆင့်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်က နိုင်ငံတော်မှမြန်မာ့ရိုးရာယဉ်ကျေးမှုကိုချစ်မြတ်နိုးတတ်စေရေး၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားစေရေးအတွက် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ကျောင်းသား/သူများအနေဖြင့် မြို့နယ်အဆင့်မှ ခရိုင်အဆင့်၊ တိုင်းအဆင့်များသို့ တက်လှမ်းနိုင်ပြီး နိုင်ငံဂုဏ်ကိုဆောင်သော ပညာရှင်များပေါ်ထွက်လာစေရေး ကြိုးစားကြရန်ပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်ဌေးဌေးက ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ပြောကြားပြီးနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်စန်းစန်းမြင့်က အနာဂတ်လူငယ်များ မြန်မာ့ရိုးရာယဉ်ကျေးမှုအားသိရှိပြီး ထိန်းသိမ်းကြဖို့ပြောကြားပါသည်။
ဆက်လက်ပြီး အကဲဖြတ်အမှတ်ပေးသဘင်ပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဦးမြဖုန်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအမျိုးအစားအလိုက် အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲကျင်းပရာ အခြေခံပညာ(၁၀နှစ်-၁၅နှစ်)တန်း မဟာဂီတတေးသီချင်းအဆိုပြိုင်ပွဲဝင်ကျား(၁)ဦး၊ မ(၁)ဦး၊ ခေတ်ဟောင်းတေးသီချင်းအဆိုပြိုင်ပွဲဝင်ကျား(၁)ဦး၊ မ(၁)ဦးနှင့် ကာလပေါ်တေးသီချင်းအဆိုပြိုင်ပွဲဝင်ကျား(၁)ဦး၊ မ(၅)ဦး၊ အခြေခံပညာ(၁၅နှစ်-၂၀နှစ်)တန်း ကာလပေါ်တေးသီချင်းပြိုင်ပွဲဝင် မ(၁)ဦးနှင့် မြန်မာ့ရိုးရာတေးသီချင်းအရေးပြိုင်ပွဲဝင် မ(၁)ဦး၊ အကပြိုင်ပွဲဝင်မ(၁)ဦး၊ အခြေခံပညာ(၁၀နှစ်-၁၅နှစ်)တန်း မြန်မာ့ရိုးရာတပင်တိုင်အက ပြိုင်ပွဲဝင် ကျား(၃)ဦး၊ မ(၃)ဦးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကဗျာလွတ်အကပြိုင်ပွဲဝင်အဖွဲ့(၁)ဖွဲ့ တို့ဝင်ရောက်ယှဉ်ပြိုင်ကြရာ အကဲဖြတ်အမှတ်ပေးသဘင်ပညာရှင်အဖွဲ့ဝင်များက ပြိုင်ပွဲဝင်များ၏ အားနည်းချက်၊ အားသာချက်များအား ရှင်းလင်းပြောကြားကြသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် ပြိုင်ပွဲဝင်များအား အကဲဖြတ်အမှတ်ပေးသဘင်ပညာရှင်များက မြို့နယ်အဆင့်လက်ရွေးစင်များအဖြစ် အခြေခံပညာ(၁၀နှစ်-၁၅နှစ်)တန်း မဟာဂီတတေးသီချင်းအဆိုပြိုင်ပွဲဝင်ကျား(၁)ဦး၊ မ(၁)ဦး၊ ခေတ်ဟောင်းတေးသီချင်းအဆိုပြိုင်ပွဲဝင် ကျား(၁)ဦးနှင့်ကာလပေါ်တေးသီချင်းအဆိုပြိုင်ပွဲဝင်ကျား(၁)ဦး၊မ(၃)ဦး၊ (၁၅နှစ်-၂၀နှစ်)တန်း ကာလပေါ်တေးသီချင်းပြိုင်ပွဲဝင် မ(၁)ဦးနှင့် မြန်မာ့ရိုးရာတေးသီချင်းအရေးပြိုင်ပွဲဝင် မ(၁)ဦးနှင့် အကပြိုင်ပွဲဝင် မ(၁)ဦး၊ အခြေခံပညာ (၁၀နှစ်-၁၅နှစ်)တန်း မြန်မာ့ရိုးရာတပင်တိုင်အက ပြိုင်ပွဲဝင် ကျား(၃)ဦး၊ မ(၂)ဦးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကဗျာလွတ်အကပြိုင်ပွဲဝင်အဖွဲ့(၁)ဖွဲ့ရွေးချယ်ကြပြီး ပြိုင်ပွဲဝင်အဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်နှင့်အဖွဲ့ဝင်များက ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)