သတင်းများ

(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ရန်ကုန်မြို့တွင်ကျင်းပ၊ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီး
Jun 27,2024
(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဒဂုံဧရာကုန်တင်ယာဉ်ရပ်နားကွင်း၌ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့(အတွင်းရေးမှူး)၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်)နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ သူနာပြုတက္ကသိုလ်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
စကုမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jun 27,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ “ကမ္ဘာ့အအေးပေးပစ္စည်းများနေ့” အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 27,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ “ကမ္ဘာ့အအေးပေးပစ္စည်းများနေ့” အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ CAE ကိုယ်ပိုင်အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
(၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်‌နိုင်ရေး လေ့ကျင့်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေး
Jun 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် တာဝန်ရှိသူများသည်ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက ၊ အရေး၊အတီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်‌နိုင်ရေး လေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကမာရွတ်မြို့နယ်တွင် ​ကျောင်းသား​၊ကျောင်းသူများကို​ ကျောင်းကျန်းမာ​ရေး​စောင့်​ရှောက်မှုများ ကွင်းဆင်းစိစစ်ဆောင်ရွက်​ပေး
Jun 27,2024
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်စောင့်​ရှောက်မှုခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယ​မန်နေ့ နံနက်ပိုင်းက​ ကျောင်ကျန်းမာ​ရေး​စောင့်​ရှောက်မှုများစစ်​ဆေးခြင်းများကို အမှတ်(၁)နှင့် အမှတ်(၂)အ​ခြေခံပညာအထက်တန်း​ကျောင်းများသို့ မြို့နယ်​ကျောင်းကျန်းမာ​ရေးကော်မတီဝင်များမှ လိုက်လံစစ်​ဆေးခဲ့ပါသည်။
မာန်အောင်မြို့နယ်၌ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jun 27,2024
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆုချီမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်
Jun 27,2024
ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့နံနက် (၇) နာရီခွဲအချိန်က ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ အရှေ့ဈေးလမ်းရှိ “ပန်တျာအခွန်လွတ်” ဈေးတွင် မြို့နယ်ရုံးဦးဆောင်၍ ကျန်းမာရေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဈေးဝန်ထမ်းများဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ခြင်း၊ စားသောက်ကုန်များတွင်
(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်
Jun 27,2024
(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ထူးချွန်ဆုရရှိကြသူများနှင့် ၎င်းတို့၏ မိဘများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။