မြစ်သား ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နေထိုင်သူများ အတည်ပြု လူဦးရေစာရင်းမှန်ကန်စေရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် (စတုတ္ထအကြိမ်မူကြမ်း)စာရင်းရေးသွင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ရုံးအောက်ထပ် ကော်မရှင်များဆောင်ရွက်နေသောနေရာ၌ ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
စာရင်းရေးသွင်းတိုက်ဆိုင်စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ ပူးပေါင်း၍ စာရင်းများမှားယွင်းမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စာရင်းရေးသွင်းတိုက်ဆိုင်စစ်ဆေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြတ်သီဟမင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းသူ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ယဉ်မွန်ဖိုးတို့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရဲနိုင်ဦး(မြစ်သား)