သတင်းများ

မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆို၍ အခမ်းအနားမှူးသင်တန်းသန်လျင်၌ ဖွင့်လှစ်
Jun 27,2024
၂၀၂၄ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆို၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသော အခမ်းအနားမှူးသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
သန်လျင်မြို့နယ်၌ ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 27,2024
ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က သန်လျင်မြို့ရှိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်ပခဲ့သည်။
ကြို့ပင်ကောက်မြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 27,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဝေါမြို့နယ်၌ (၃၉)ကြိမ်မြောက် မြို့နယ်အဆင့် ဗုဒ္ဓဘာသာယဥ်ကျေးမှု ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ
Jun 27,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ (၃၉)ကြိမ်မြောက် မြို့နယ်အဆင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း(ဝေါ)၊ သီရိဇေယျာခန်းမတွင် ကျင်းပကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများခွေးရူးပြန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 27,2024
ဇေယျာသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ခွေးရူးပြန်ရောဂါကာကွယ်နိုင်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျည်တောင်အုပ်စု သာယာဝှမ်းကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။
ရှင်ဗွေယန်မြို့၌ (၃၇) ကြိမ်‌မြောက် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ်အနေဖြင့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနား ကျင်းပ
Jun 27,2024
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့၌ (၃၇) ကြိမ်မြောက် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ်အနေဖြင့် မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ယနေ့ နံနက် ၉ နာရီအချိန်က မီးရှို့ဖျက်ဆီးရေးဘုတ်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ရပ်မိ/ ရပ်ဖ များ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ပင်လောင်းမြို့၌ စိုက်ပျိုးတောင်သူများအား မျိုးစေ့ထုတ်နှင့် စံပြကွက်များအတွက် မျိုးစေ့/ပျိုးပင်၊ မျိုးစေ့ချကိရိယာနှင့် ဓာတ်‌မြေဩဇာများ ထောက်ပံ့ပေးအပ်
Jun 27,2024
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ရှမ်းပြည်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်နှင့် စံပြကွက်များအတွက် မျိုးစေ့/ပျိုးပင်၊ မျိုးစေ့ချကိရိယာနှင့် ဓာတ်‌မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဖြူးမြို့နယ်၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေး
Jun 27,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ပြည်သူ့စာကြည့်တိုက်အပြင် စာအုပ်စာစောင်များကို အလွယ်တကူ ပိုမိုငှားရမ်းဖတ်ရှုနိုင်စေရေးအတွက် ဖြူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ယနေ့ နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်၊စာစောင်များ သွားရောက် ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။