သတင်းများ

မိုင်းတုံမြို့၌ စပါမျိုးစေ့နှင့် သွင်းအားစုမြေဩဇာ မျိုးစေ့ချကိရိယာများ တောင်သူများသို့ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Jun 27,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရှိ မြို့နယ်ဦးစီးမှူး ရုံးခန်းတွင် ပြည်နယ်ဦးစီးမှူးရုံးမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ရန်ပုံငွေ၊ ငွေလုံးငွေရင်းဖြင့် ထောက်ပံ့ပေးသော စပါးမျိုးစေ့နှင့် သွင်းအားစုမြေဩဇာမျိုးစေ့ချကိရိယာများကို တောင်သူများသို့ ယမန်နေ့နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် Community Centre ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Jun 27,2024
ဇွန်လ ၂၆ ရက်နေ့၌ ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟော​ပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲ ပြိုင်ပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြိုသစ်(အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ မွန်းလွဲ (၂) နာရီအချိန်က ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Jun 27,2024
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၇) ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲနှင့် ဓာတုပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတက်ရောက်
Jun 27,2024
(၃၇)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆုချီးမြှင့်ပွဲနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတု ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ကြသည်။
ကချင်ပြည်နယ်အတွင်း စားအုန်းဆီများ ဖြန့်ဖြူးရောင်းချရာတွင် စနစ်တကျ ရှိစေရေးနှင့် ဈေးကွက်အတွင်း သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချစေရေးအတွက် ဆီအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
Jun 27,2024
ကချင်ပြည်နယ်အတွင်း စားအုန်းဆီများ ဖြန့်ဖြူးရောင်းချရာတွင် စနစ်တကျ ရှိစေရေးနှင့် ဈေးကွက်အတွင်း သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချစေရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေသည် ဒေသအတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကား ရောင်းချခွင့်ရရှိထားသည့် ကိုယ်စားလှယ်များ၊ ဆီကုန်သည်များ၊ အရောင်းဆိုင်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၂၆ ရက် ညနေ ၃ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝန်းသိုမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jun 27,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က(ဝန်းသို)၊ မြတ်ဆရာခန်းမတွင် ကျင်းပသည်
မကွေးမြို့ တန်ခိုးကြီး သမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏ စေတီတော်ဦး ငှက်ပျောဖူးတော်၊ ကြာနုကြာဖတ်တို့ကို (၉”x၉”)ရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ
Jun 27,2024
သာသနာတော်နှစ်(၂၅၆၈)နှစ် ကောဇာသက္ကရာဇ် (၁၃၈၆)ခုနှစ် ခရစ်နှစ်(၂ဝ၂၄) ခုနှစ် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ တန်ခိုးကြီး သမိုင်းဝင်မြသလွန်စေတီတော်မြတ်ကြီး၏ စေတီတော်ဦး ငှက်ပျောဖူးတော်၊ ကြာနုကြာဖတ်တို့ကို (၉”x၉”)ရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၆ နာရီခွဲအချိန်က မကွေးမြို့ မြသလွန်စေတီတော်ရင်ပြင် မဟာဝိဇယရံသီတန်ဆောင်းတော်၌ ကျင်းပရာ မြသလွန်စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီး (၉)ပါး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ရွှေစင်ရွှေသား ရွှေပြားသင်္ကန်းတော် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
မူဆယ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဒေသတွင်း မီးရှို့ဖျက်ဆီးပွဲပြုလုပ်
Jun 27,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်သည့် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဒေသတွင်းမီးရှို့ ဖျက်ဆီးပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က စွမ်စော်ရပ်ကွက်၊ ဘာသာပေါင်းစုံသင်္ချိုင်း၌ ပြုလုပ်ခဲ့သည်။