သတင်းများ

မှော်ဘီမြို့နယ်၌အားကစားနှင့်လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကျင်းပ
Jun 28,2024
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင်မှော်ဘီမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၂) ရွှေရတုခန်းမ၌ ကျင်းပသည်။
ရွှေတောင်မြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး လုပ်ငန်း ကြီးကြပ်မှု ကော်မတီ မှ မွေးမြူရေး လုပ်ကိုင်သူများအားကွင်းဆင်းစစ်ဆေး
Jun 28,2024
ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီမှမွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေထုတ်ချေးပေးမည့် ကျေးရွာအုပ်စုများရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပြင်ဦးလွင်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်
Jun 28,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် မိုးစပါးစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မိမိမြို့နယ်အစီအစဉ်ဖြင့် သွင်းအားစုများကို (၂၅.၆.၂၀၂၄) ရက်နေ့က ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေး
Jun 28,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ ယမန်နေ့နံနက် ၁၀ နာရီက ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
မင်းဘူး (စကု) မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jun 28,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ တက်ရောက်ပညာသင်ကြား နေသည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၇ ရက် နေ့လည် ၁ နာရီအချိန်က မင်းဘူးမြို့ အခြေခံပညာမူလတန်းကျောင်း (စက္ကိန္တဲ) ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းတစ်ဧက ပျမ်းမျှ (၁၅၅)တင်းထွက်ရှိ
Jun 28,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းစားရေရိက္ခာ ဝမ်းစာဖူလုံရေး၊ တောင်သူလယ်သမားများ မျိုးကောင်းမျိုးသန့်များထုတ်လုပ်နိုင်ရေး၊ မျိုးစေ့ထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးပွားစေရေး၊ လယ်ယာထွက်ကုန်များ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေး၊ မျိုးကောင်းမျိုးသန့် စံပြစိုက်ခင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပြည်ကြီးတံခွန်မြို့နယ်၊ မယ်တော်စုကျေးရွာ၊ ကွင်းအမှတ်(၅၆၈)၊ ဦးပိုင်အမှတ်(၇၀)တွင် စိုက်ပျိုးထားသည့် တောင်သူဦးစိုးနိုင်၏ နွေစပါးစိုက်ခင်း(ရွှေသွယ်ရင်)(၃.၀၀)ဧက စိုက်ခင်းမှ (၆.၆)ပေ ပတ်လည်စံကွက်အား ဇွန်လ၂၆ ရက်၊ နံနက် ၉ နာရီအချိန်က ရိတ်သိမ်းကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်း အဝေးတက်ရောက်
Jun 28,2024
စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကရင်ပြည်နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်ကောင်းသော မြို့နယ်နှင့်ကျောင်းများအား ဂုဏ်ပြုချီးမြှင့်
Jun 28,2024
ကရင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်ကောင်းမွန်သောမြို့နယ်များမှ မြို့နယ်ပညာရေးမှူးများနှင့်အောင်ချက်ကောင်းသော ကျောင်းများမှ ကျောင်းအုပ်ကြီးများအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။