တောင်ငူ ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဗဟိုစာရင်းအင်းအဖွဲ့မှကြီးမှူး၍ သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံ ရှင်းလင်းခြင်းဆင့်ပွားသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်ခန်းမ၌ ဖွင့်လှစ်သည်။
ရှေးဦးစွာ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က အဖွင့်အမှာပြောကြားပြီး သင်တန်းအားဖွင့်လှစ်ရာ တောင်ငူခရိုင်ဗဟိုစာရင်းအင်းအဖွဲ့မှ ခရိုင်တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောအိအိနိုင်က တောင်ငူခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှုပုံစံများ ဖြည့်သွင်းမှု တပြေးညီဖြစ်ရန်အတွက် ကောက်ယူမည့်ပုံစံတွင်ပါဝင်သည့် ကဏ္ဍများကို ရှင်းလင်းဆွေးနွေးပို့ချသည်။ ထို့နောက် သင်တန်းတက်ရောက်သည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ စာရင်းပြုစုသူ သင်တန်းသား၊ သင်တန်းသူ(၂၇)ဦးက ပြန်လည်ဆွေးနွေးတင်ပြကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)